Japanese

“အားနာလိုက်တာ”ကိုဂျပန်လို…?

Oshima

Japanese Teacher【Oshima】
ဟိုတစ်နေ့ကဒီလိုမေးခွန်းမျိုးရခဲ့ပါတယ်

Sansyo

ဂျပန်စာသင်ယူနေတဲ့မြန်မာလူမျိုး
ဂျပန်လိုအားနာလိုက်တာလို့ဘယ်လိုပြောလဲ

ဒီမေးခွန်းကိုဖြေသွားမှာဖြစ်ပါတယ်။

“အားနာလိုက်တာ”ကိုဂျပန်လို…?

“အားနာလိုက်တာ”

အဖြေကိုအရင်ပြောရင်အားနာလိုက်တာကိုဂျပန်လို「申(もう)し訳(わけ)ないです」「すいません」လို့ပြောပါတယ်။

ဒါကိုနားထောင်ပြီးဂျပန်စာကိုကောင်းကောင်းလေ့လာနေတဲ့လူက「すいません」ဆိုတာကတောင်းပန်တဲ့အခါသုံးတဲ့စကားလုံးမဟုတ်ဘူးလားလို့ထင်မလားမသိဘူး။

အဲ့ဒီအတိုင်းပါပဲ။

ဂျပန်ဘာသာစကားမှာတောင်းပန်တဲ့အခါနဲ့အားနာတဲ့အခါမှာတူညီတဲ့ဖော်ပြချက်ကိုအသုံးပြုပါတယ်။

申(もう)し訳(わけ)ないですဆိုတာကすいませんနဲ့အဓိပ္ပါယ်အတူတူပါပဲ။ ဒါပေမယ့်ပိုပြီးအားနာတဲ့အဓိပ္ပါယ်ရှိပါတယ်။

“အားနာတယ်”

“အားနာတယ်”ကိုအဘိဓာန်မှာရှားရင်” 遠慮(えんりょ)する” လို့ရေးထားပါတယ်။ ဒါပေမယ့်တစ်ယောက်ယောက်ဆီကတစ်ခုခုလက်ဆောင်လက်ခံတဲ့အခါ “ 遠慮(えんりょ)します” လို့ပြောရင်တကယ်ငြင်းဆန်နေသလိုမျိုးထင်သွားပါမယ်။

အဲဒါကြောင့် “申(もう)し訳(わけ)ないです” ၊ “すいません” လို့ပြောတာပိုကောင်းပါမယ်။

Sansyo

နာလည်းပါပြီ ကျေးဇူးပါ

Oshima

သဘောကျရင်「にほんご/Japanese」ရဲ့တခြားဆောင်းပါးတွေကိုလည်းဖတ်ပေးပါဦး မြန်မာစကားမှားထားတာရှိရင် commentကိုရေးပေးပါ

COMMENT

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်